Search

Bagan Keyboard Pro version

Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက် မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard Pro version ကို စတင်ထုတ်ဝေလိုက်ပါသည်။ Bagan Keyboard အားအောက်ပါ link တွင် အခမဲ့ ရယူနိုင်ပါသည်။

Bagan Keyboard Beta (Zawgyi+English) အားရယူရန်

http://www.bitmyanmar.com.mm/kanaung/bagankeyboard တွင်လည်း ၀င်ရောက်ရယူနိုင်ပါသည်။

Bagan Keyboard ၏ ထူးခြားချက်များမှာ-

*  Performance issue, Keyboard layout improvement နဲ့ Design improvement များအား ဆောင်ရွက်ထားပါသည်။

* Computer မှ Zawgyi Keyboard Layout အတိုင်းပြုလုပ်ထားပြီး စာလုံးအစုံအလင်ပါဝင်ပါသည်။

၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။

၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။

၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System) ပါရှိပါသည်။

၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။

၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာရိုက်နေစဉ်တွင်လည်း စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။

၆။ သိမ်းဆည်းထားသော User Dictionary မှစကားလုံးတွဲများသည် software အား uninstall လုပ်ခြင်း၊ version upgrade လုပ်ခြင်းများပြုလုပ်ခြင်းဖြင့်ပျောက်ပျက်သွားခြင်းမရှိပဲ ဆက်လည်အသုံးပြုနိုင်ပါသည်။

၇။ စာရိုက်ရာတွင် Shift Key ကို အသုံးမပြုလိုပါက Pop-Up များကိုသုံးပြုကာ လျင်မြန်စွာ ရိုက်နိုင်ပါသည်။

၈။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice Input (English)ပါဝင်ပါသည်။

၉။ ဘာသာစကားအသစ် (ဥပမာ- မွန်၊ရခိုင်)၊ လက်ကွက် Font (ဥပမာ- myanmar3) စသည်တို့ကို ထပ်မံထည့်သွင်းလိုပါက အသစ်ပြန် Install လုပ်စရာမလိုပဲ Language Package များကိုထည့်သွင်းရုံဖြင့် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။

၁၀။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly Bean) အထိ အသုံးပြုနိုင်ပါသည်။

၁၁။ Bagan Keyboard သည် အသုံးပြုသူ အတွက် စကားတွဲအသစ်များကို အပေါ်မှာပေါ်လာသည့် စာလုံးကို
2 ချက်နှိပ်ရုံဖြင့်မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားထားခြင်းဖြင့် အသုံးပြုချိန် ကြာမြင့်လာသည်နှင့်အမျှ လျှင်မြန် လွယ်ကူစွာ စာစီနိုင်မည်ဖြစ်ပါသည်။

***Bagan Keyboard ၏ ရည်ရွယ်ချက်မှာ ဖုန်းမှတဆင့် SMS ပို့ခြင်း၊ Gtalk , Facebook Message များပို့ခြင်း တို့ကို လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ပါသည်။

 

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...