Search


Notepad ကို save တဲ့အခါ မြန်မာလို မပေါ်ရင်

ဒီပို့စ်လေးကိုတော့ မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. လုပ်တက်သွားရင်တော့ လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် .. ဘာပဲပြောပြော ဒီကောင်လေးကို လိုအပ်ပါတယ် .. ကျွန်တော်တို့ မှတ်ထားချင်တာလေး တွေကို အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့် ပြီးရင် Run Box ထဲမှာ notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့  Notepad မှာ Zawgyi-One Font ကိုမပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် .. 

အရင်ဆုံး Keyboard မှ  Windows logo R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ Notepad  လို့ရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ .. ဒါဆို  Notepad လေးပွင့်လာ ပါလိမ့်မယ် .. အရင်ဆုံး ကျွန်တော် မြန်မာလို ရိုက်လို့ရအောင် ဖောင့်ဘယ်လို ချိန်းရမယ် ဆိုတာကို ပြပေးသွားပါမယ် ..
အပေါ်က အတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Notepad လေးကို  Save လိုက်ပါ .. အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် ..
အောက်က ပုံအတိုင်း  Unicode ကိုပြောင်းပေးလိုက်ပါ ..
Unicode  ကိုပြောင်းပြီး သွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ .. 
ပြီးရင်တော့ မိမိတို့  Save လိုက်တဲ့  Notepad လေးကို ပြန်ဖွင့်ကြည့်လိုက်ပါ.. မြန်မာဖောင့် ပေါ်နေတာကို တွေ့ ရပါလိမ့်မယ် .
ကျေးဇူးတင်ပါတယ်..........

2 comments:

  1. ကျေးဇူးအထူးတင်ပါတယ် ။ ခင်ဗျား ဟာ ဆရာတစ်ဆူပါ နှံစပ်ပါပေတယ်။

    ReplyDelete
  2. ကျွန်တော်သိချင်တာလေးရှိတယ် အကိုဖြေပေးပါလား ကျွန်တော့် ကွန်ပျူတာက အိုင် ၃ ပါ Usb port အပေါက်တွေက အရင်တုန်းက အားလုံးသုံးလို့ရတယ် အခု သုံးလို့မရတော့ဘူး အကိုရေ ကျွန်တော်ဘယ်လိုလုပ်ရမလဲမသိဘူး ခင်ဗျာ ကျွန်တော့်ကို ကူညီပါဦး အခု တစ်ပေါက်ဘဲသုံးလို့ရတယ် ခင်ဗျ အင်တာနက် connector cable ကြိုးထဲ့ပြီးရင် မမ်မိုရီကဒ်သုံးဖို့ အခက်တွေ့နေတယ် အကို ဘယ်လိုလုပ်သင့်သလဲ ဆောဖ့်ဝဲနဲ့ ပြသနာရှင်းလို့ရလား ဒါမှမဟုတ် ဒရိုင်ဘာလို နေလို့လား ခင်းဗျား .

    လေးစားစွာဖြင့် မိုးမင်းကျော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...