Search

APK ဖိုင်များကို လိုသလို ဒေါင်းနိုင်ပါတယ်

လိုအပ်သူများ ဒေါင်းနိုင်စေရန်အတွက် အောက်မှာ လိုချင်မယ်ထင်တဲ့ ဖိုင်တချို့ကို တင်ပေးလိုက်ပါတယ်။ သက်ဆိုင်ရာ ခေါင်းစဉ်လေးများကို နှိပ်ပြီး ဒေါင်းလုပ်ရယူကြပါ။ ကြိုက်သလို ရှဲလ်ပြီး ကုသိုလ် ယူနိုင်ပါတယ်။ များများ ဒေါင်းပြီး အသုံးပြုကြလေ.. တင်ပေးတဲ့ ကျနော်လည်း ကုသိုလ် များများ ရလေပေါ့။ စုစုပေါင်း ၁၄ ခုတင်ပေးထားပါတယ်။
၁။ Viber
            ဗိုက်ဗာကတော့ ထူးပြီး ပြောစရာ မလိုပါ။ မြန်မာပြည်မှာ လူတိုင်းလိုလို သုံးနေကြပါတယ်။
၂။ Fring
           သူကလည်း ဗိုက်ဗာလိုပါပဲ။ ကျနော့်သူငယ်ချင်းက သူ့ကိုသုံးဖို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်က ဗိုက်ဗာနဲ့ အသားကျနေလို့ မသုံးဖြစ်ပါဘူး။

၃။ Pronunciation Checker
           အင်္ဂလိပ်၊ ဂျာမဏီ၊ အီတလီ၊ ပြင်သစ်၊ စပိန်...စသည့်နိုင်ငံများမှ စကားလုံး အသံထွက်များအား မိမိသိထားသည်နှင့် ကွဲပြားခြားနားမှု့ ရှိမရှိ၊ မှန် မမှန်ကို စမ်းသပ်လေ့လာနိုင်ပါတယ်။

၎။ Text Me! Free Texting + SMS
            ဖရီး မက်ဆေ့ပို့လို့ ရတဲ့ အပလီကေးရှင်းပါ။


၅။ Caller Location

              ထပ်သွားတယ်ဗျာ။ အောက်မှာလည်း ရေးထားပြီးသား၊ ပြန်မဖြုတ်တော့ဘူး။ နံပါတ်တွေ ပြန်ပြင်ရမှာ ပျင်းလို့။

၆။ Skype

၇။ Caller Location
            ဘယ်အရပ်၊ ဘယ်ဒေသကနေပြီး ကိုယ့်ကို ခေါ်နေတယ်ဆိုတာကို တိတိကျကျ ညွှန်ပြပေးပါတယ်။ တဖက်လူအနေနဲ့ လိမ်လို့ မရတော့ဘူးပေါ့။

၈။ Frozen Keyboard
            မြန်မာလို ရေးဖို့အတွက် Root မလုပ်လိုသူများအတွက်ပါ။

၉။ AVG Antivirus
          

၁၀။ ScreenShot Ultimate
                 စခရင်ကို ဓာတ်ပုံ ရိုက်လိုသူများအတွက်..အချို့ဖုန်းများတွင် ပါဝါ ခလုပ်နှင့် ဟုမ်းခလုပ်ကို တွဲပြီး နှိပ်ခြင်းဖြင့် စခရင်ကို ဓာတ်ပုံရိုက်ယူနိုင်ပါတယ်။ သို့သော် အချို့ဖုန်းများတွင် ၄င်းဖန်ရှင် မပါလာပေ။ ထိုသို့သော ဖုန်းများစွာအတွက်...

၁၁။ APK Downloader
                Android ဖုန်းများတွင် သုံးတဲ့ အေပီကေ ဖိုင်များကို ဒေါင်းနိုင်ဖို့အတွက် သုံးပါတယ်။

၁၂။ Team Viewer
                 သူကတော့ မိမိဖုန်းဖြင့် မိမိကွန်ပြူတာကို၊ အခြားကွန်ပြူတာများကို အဝေးမှ ထိန်းချုပ် ပြုပြင်ဖို့အတွက်ပါ။ ကွန်ပြူတာနဲ့ ချိတ်ဆက်လိုက်လျှင် ဖုန်းမှာ ရှိတဲ့ Theme ကာလာအတိုင်း ပေါ်လာမှာ ဖြစ်ပြီး သင်လိုသလို ကွန်ပြူတာကို အဝေးမှ လက်ကမြင်းနိုင်ပါတယ်။

၁၃။ Line Free Call
              ဗိုက်ဗာကဲ့သို့ သုံးနိုင်ပြီး ဂျပန်မှာ အသုံးများတယ်လို့ ရေးထားတာကို တွေ့ဖူးပါတယ်။ ကျနော် ကိုယ်တိုင်တော့ မသုံးဖူးသေးပါ။

၁၄။ PicSay Photo Editor
               မိမိဖုန်းဖြင့် ရိုက်ယူထားသော ပုံများကို လှပစေရန်အတွက် မိမိစိတ်ကြိုက် ဖုန်းဖြင့် ပြုပြင်နိုင်ပြီး လှလှပပဖြင့် သိမ်းဆည်းနိုင်ပါတယ်။

အားလုးံပျော်ရွင်ပါစေဗျာ.........

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...