Search

တစ်ခြားသူတွေကို ကိုယ့်ဖုန်းနဲ့ ငွေဖြည့်ပေးကြမယ်

ကောင်မလေးကို ကြူချင်လို့ ပဲဖြစ်ဖြစ် ၊ တစ်ကယ်အဝေးရောက်နေတဲ့သူကို အဆင်ပြေအောင် ငွေလှမ်းဖြည့်ပေးချင်လို့ ပဲဖြစ်ဖြစ် ဒီပို့ စ် လေးက အသုံးဝင်မှာပါ ။ ကိုယ်ငွေဖြည့်ပေးချင်တဲ့သူကို ကိုယ်ကပဲကဒ် ၀ယ်ပြီး သူပိုက်ဆံပြည့်အောင် ဖြည့်ပေးလို့ ရပါတယ် ။ ဒါပေမယ့် .. GSM ကနေလှမ်းဖြည့်ပေးရင် GSM/WCDMA ဖုန်းတွေကပဲလက်ခံနိုင်ပါတယ် .. CDMA 800 ကနေဖြည့်ပေးမယ်ဆိုရင်တော့ CDMA 800/450 တို့ ကနေလက်ခံနိုင်ပါတယ် ။ကဲ စမယ....

ဖုန်းငွေဖြည့်ကဒ် ၀ယ်ထားပြီးပြီဆိုရင် ကိုယ့်ဖုန်းကနေ Dialer က ဒီလိုရိုက်ရပါတယ် ။ ဒါက GSM ဖုန်းတွေ အတွက်ပါ .....
*123*(ငွေဖြည့်နံပါတ်)*(ဖြည့်ပေးချင်တဲ့ဖုန်းနံပါတ်)#Call(ဖုန်းခေါ်တာပါ) လိုက်ရင်သူ့ ဆီကိုပိုက်ဆံဝင်သွား ပါပြီ ။ ။

CDMA တွေကျတော့ ကိုယ့်ဖုန်းရဲ့ Dialer မှာ 166 ကို call ပါ ။ ၂ နှိပ်ပြီး Myanamr လိုနားထောင်ပါ။(၁) ငွေဖြည့်ပေးမည့် ဖုန်းနံပါတ်ကိုနှိပ်ပေးပါ ။ အတည်ပြုပါ(၁) ။ငွေဖြည့်ကဒ် Pin No ရိုက်ထည့်ပါ ။ ပြီးရင် .. # နှိပ်ပြီး Call လိုက်ရင် တစ်ဖက်လူက ကိုယ်ဖြည့်ပေးလိုက်တဲ့ ငွေကိုလက်ခံရသွားပါပြီ ။

သတိပြုရမှာက .. GSM ကိုဖြည့်ရင် ဖြည့်ပေးတဲ့ဖုန်းနံပါတ်မပေါ်ပဲ .. CDMA ကို ဖြည့်ပေးရင်တော့ ကိုယ့်ဖုန်းနံပါတ်ကို တစ်ဖက်လူသိနိုင်တယ်ဆိုတာကိုပါ .......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...